Olympians Fever



Olympus ဆိုတဲ့ တောင်ကြီးမှာ နေထိုင်ကြီးစိုးတဲ့ Olympians နတ်မင်းကြီးတွေ စုစုပေါင်း ၁၂ပါး ရှိတယ်တဲ့ ။ ဒီနတ်ဘုရားတွေ အားလုံးရော သူတို့ရဲ့ အဆက်အနွယ်တွေ အားလုံးဟာ နတ်မင်းခေါင်ကြီး ဇုဇ် Zeus နဲ့ ပတ်လည်ဆက်နွယ်ပြီး အမျိုးတော်နေကြတယ် ။ ဒီနတ်ဘုရားတွေ အပြင် ငရဲပြည်ရဲ့ အရှင်သခင် ဟေးဒီးစ် Hedes နတ်မင်းကြီးနဲ့ သူ့ရဲ့ မိဘုရား Persephone ပါ့စ်ဖီနီ ကတော့ အိုလမ်ပီယာ မိသားစုဝင်တွေ ဖြစ်ပေမယ့် ။ အိုလမ်ပီယာတောင်ကြီးမှာ မနေပါဘူး ။ သူတို့အပိုင်စားရာ ငရဲပြည်မှာပဲနေပါတယ် ။

၁ ။  Zeus  ဇုဇ်

 ဇုဇ် ဆိုတာ ရောမ လိုဆိုရင်တော့ ဂျူပီတာ တဲ့ ။ ကောင်းကင်ကြီး တခုလုံးနဲ့ မိုးကြိုးတွေကို ပိုင်တဲ့ နတ်ဘုရားဖြစ်ပြီး အိုလမ်ပီယာတောင်ကြီးတခုလုံးနဲ့ နတ်ဒေဝတာတွေရဲ့ အကြီးအမှူးပေါ့ ။ အမှန်ကတော့ နတ်မောင်နှမတွေ အားလုံးထဲမှာ အသက်အငယ်ဆုံးဖြစ်ပါတယ် ။ သူနဲ့ ဆက်စပ်နေတဲ့ သင်္ကေတတွေကတော့ Thander bolt လို့ သိကြတဲ့ မြန်မာလို ဝရဇိန်လက်နက် မိုးကြိုး ၊ စွန်ရဲငှက် ၊ ဝက်သစ်ချပင် ၊ အကြီးအမှူးတွေ ကိုင်လေ့ရှိတဲ့ ကျိုင်းတံ နဲ့ သမာဓိ ချိန်ခွင်ရှာတို့ဖြစ်ကြပါတယ် ။ နှမအရင်းဖြစ်တဲ့ ဟေရာ Hera ရဲ့ ခင်ပွန်းလဲဖြစ်တယ် ။ အကိုနှစ်ယောက် ဖြစ်တဲ့ ပိုဆိုက်ဒွန် Poseidon (ရေနတ်မင်း ) နဲ့ ဟေးဒီးစ် Hedes (မြေအောက်ငရဲမင်း ) တို့နဲ့ ပေါင်းလိုက်ရင် Big three brothers လို့ခေါ်ပါတယ် ။



၂ ။ Hera ဟေရာ

 နတ်မောင်နှမတွေထဲမှာ အငယ်ဆုံးညီမပါ ။ သူက နတ်မင်းခေါင်ကြီး ဇုဇ်ရဲ့ မိဘုရား ( မောင်နှမခြင်း ပြန်ညားနေတာပေါ့ ) လက်ထပ်ထိမ်းမြားခြင်းနဲ့ မိသားစု ဆိုင်ရာ နတ်ဘုရင်မကြီး ။ သူမရဲ့ သင်္ကေတတွေကတော့ ဥဒေါင်းငှက် ၊ သလဲသီး ( ကလေးအများကြီးလိုချင်ရင်စားကြတယ်ထင်တယ် :D ) ၊သရဖူ ၊ ဥသြငှက် ၊ ခြင်္သေ့ နဲ့ နွားတို့ ဖြစ်ပါတယ် ။ သူက ဇုဇ်နဲ့ ညားနေတဲ့ တခြားမိန်းမတွေ နဲ့ သားသမီးတွေကို အမြဲ လက်စားချေတတ်တယ်တဲ့ :P ။ဟေရာကို Juno လို့ ရောမ လိုခေါ်ပါတယ် ။



၃ ။ Poseidon ပွေစိုက်ဒွန်

 ရောမအမည်  Naptune အမည်ရတဲ့ ပွေစိုက်ဒွန် နတ်မင်းကြီးက Big Three brothers စာရင်းဝင်ဖြစ်ပြီး ရေသမုဒ္ဒရာ ၊ မြေငလျင် နဲ့ ဒီရေတို့ ကို ပိုင်စိုးပါတယ် ။ သူရဲ့ သင်္ကေတတွေကတော့ မြင်း ၊ နွားရိုင်း ၊လင်းပိုင်ငါး နဲ့ သုံးမြှောင့်လှံတံ တို့ဖြစ်ပါတယ် ။ မောင်နှမတွေ ထဲမှာ ဒုတိယ အကိုပါ ။ ချစ်သူတွေ အများကြီးရှိပါတယ် ။

၎ ။ Demeter ဒေမီတာ

 ရောမနာမည် Ceres။  မျိုးပွားအောင်မြင်ခြင်း ၊ ကောက်ပဲသီးနှံ ၊ သဘာဝ တရားနဲ့ ရာသီဥတုတွေကို ပိုင်စိုးပါတယ် ။ သူ့ရဲ့ သင်္ကေတတွေကတော့ ဘိန်း ၊ ဂျုံ  ၊  မီးတုတ် နဲ့ ဝက်တို့ဖြစ်ပါတယ် ။ သမီး အလတ်ဖြစ်ပြီး သူနာမည် Ceres ကနေ Cereal ဆိုတာ ဆင်းသက်လာတာပါ ။ မြန်မာလိုဆို ကွေကာအုတ်လို့ အလွယ်ခေါ်နေကြတဲ့ ကောက်နှံတွေ ဖြစ်ပါတယ် 

၅ ။ Athena အသီနာ

 ရောမအမည် Mineva ။ ပညာရပ်ဆိုင်ရာ ၊ လက်မှု အတတ်ဆိုင်ရာ ၊ ကာကွယ်ခုခံခြင်းဆိုင်ရာ ၊ စစ်ဘက်ဆိုင်ရာမဟာဗျူဟာတို့နဲ့ ဆိုင်သော နတ်ဘုရားဖြစ်ပါတယ် ။ သူမ၏ သင်္ကေတကတော့ ဇီးကွက် နဲ့ သံလွင်ပင်ဖြစ်ပါတယ် ။ ဇုဇ်နတ်မင်းကြီး၏ ဦးခေါင်းတော်မှ မွေးဖွားလာပါတယ် ။ မွေးဖွားလာတဲ့ အချိန်မှာပဲ တန်း အရွယ်ရောက်ပြီး စစ်လက်နက်ချပ်ဝတ်တန်ဆာတို့ အလိုလျောက်ဆင်ယင်ပြီးဖြစ်ပါတယ် ။ ဇုဇ်နတ်မင်းကြီးဟာ သူမရဲ့ မိခင်ကို မြိုချလိုက်ပြီးချိန်မှာ မွေးဖွားလာတာ ဖြစ်ပါတယ် ။

၆ ။ Hestia ဟေးစ်တီးယား

 မောင်နှမ ၆ယောက်မှာ အမကြီး အပျိုကြီးဖြစ်ပါတယ် ။ အပျိုစင်နတ်ဘုရားဖြစ်ပြီး မီးလင်းဖို ၊ ဗိသုကာ ၊အိမ်တွင်း စီမံ ခန့်ခွဲမှု ၊ မိသားစုနဲ့ နိုင်ငံတော် တို့ကို ကိုယ်စားပြုပါတယ် ။ မိသားစု အရေးတွေနဲ့ ပတ်သတ်လာရင် ဦးစွာ အနစ်နာခံရတဲ့ သူတယောက်ပါ ။ သူမရဲ့ အဆောင်အယောင်တွေလဲ အမြဲ ရိုးရှင်းပါတယ် ။ သူမဟာ သစ်သားပလ္လင်ပေါ်မှာ အဖြူရောင် မှီအုံးနဲ့ ပဲ နေထိုင်ပါတယ် ။ လိုအင်ဆန္ဒအတွက် ဘယ်သူ့ကိုမှ မငြိုငြင်ပါဘူးတဲ့ ။ သူမဟာ အမြဲတမ်းတော့ တာဝန်မထမ်းဆောင်ပါဘူး ။ သူမနေရာမှာ တူတော်သူ ဝိုင်အရက် ပျော်ပွဲရွှင်ပွဲ နဲ့ ဇာတ်ခုံ တို့ကို အပိုင်စားသူ Dionysus ကို အစားထိုးပါတယ် ။ ( သူကတော့ ဇုဇ်နတ်မင်းကြီးနဲ့ လူမိန်းမ တဦးတို့ ရဲ့ သားတော် ဖြစ်ပါတယ် ။)


၇ ။  Apollo အပိုလို

 အလင်းနတ်သား ကတော့ အပိုလိုဖြစ်ပါတယ် ။ အသိဥာဏ်ပညာ ၊ ကုသခြင်း ၊ ကူးစက်ရောဂါနဲ့ အမှောင် ၊အနုပညာ ၊ ဂီတ ၊ ကဗျာ ၊ လေးမြှား ၊ နေမင်း ၊ ပုရိသ ၊ ငယ်ရွယ်ခြင်း နှင့် အလှတရား တို့၏ နတ်ဘုရားဖြစ်သည် ။ ဇုဇ် နတ်မင်းကြီး၏ သားတော် တပါးဖြစ်သည် ။ နံပါတ် ၈ယောက်မြောက် Artemis အာရ်ထီးမီးစ် နတ်သမီး နှင့် အမြွာဖြစ်သည် ။


၈ ။ Artemis အာရ်ထီးမီးစ်

 အမဲလိုက်ခြင်း ၊ အပျိုစင် ၊ လူပျိုစင် ၊ မွေးဖွားခြင်း ၊ လမင်းနှင့် တိရစ္ဆာန်အားလုံးကို ကိုယ်စားပြုသော နတ်သမီးဖြစ်သည် ။ သူ၏ ရောမနာမည်မှာ Diana ဖြစ်သည် ။ အပိုလိုနဲ့ အာထရီးမစ်စ် က အမြွာမောင်နှမ  ဇုဇ်နတ်မင်းကြီး၏ သားနှင့် သမီး ။

၉  ။ Ares အေားရာ့စ်

 ရောမနာမည် Mars လို့ အမည်ရပါတယ် ။မြန်မာလိုဆိုရင် အင်္ဂါသားပေါ့ ။ စစ်ပွဲ ၊ အကြမ်းဖက်ခြင်း ၊ သွေးထွက်သံယို တို့ကို ကိုယ်စားပြုပါတယ် ။ ဇုဇ် နဲ့ ဟေရာ တို့ မောင်နှမ လင်မယားကမွေးဖွားလာတာပါ ။ အလှနတ်သမီး အပရိုဒိုက်တီ ( Aphrodite ) ကလွဲပြီး သူကို နတ်ဘုံနတ်နန်း တခုလုံး အထင်မြင်သေးကြပါတယ် ။ 


၁၀ ။  Aphrodite အဖရိုဒိုက်တီး

 အပရိုဒိုက်တီ ဆိုသော အလှနတ်သမီးရဲ့ ရောမ နာမည်က Venus ဗီးနပ်စ် ဖြစ်ပါတယ် ။ ချစ်ခြစ်မေတ္တာ ၊ အလှအပ နဲ့ ဆန္ဒ တို့ရဲ့ နတ်သမီး ဖြစ်ပါတယ် ။ သူမရဲ့ သင်္ကေတတွေက ခိုငှက် ၊ ပန်းသီး ၊ ပျားပိတုန်း ၊ငန်း နှင့် နှင်းဆီပန်းတို့ ဖြစ်ပါတယ် ။ ဇုဇ် နတ်မင်းကြီး နဲ့ သမုဒ္ဒရာ နတ်သမီး Dione တို့က မွေးဖွားလာတယ်လို့ လဲပြောကြတယ် နောက်တမျိုးက သားအငယ်ဆုံး Cronus ( Zues's father ,first generation ) က သူ့ရဲ့ အဖေ  Uranus ( Zues's grand father ) ကို သင်းကွပ်ပြီး ၊ အဖေရဲ့ ဖွားဘက်တော်ကို ပင်လယ်ထဲ ပစ်ချတဲ့ အခါမှာ သူရဲ့ သုတ်သွေးကနေ ဖြစ်ပေါ်လာတဲ့ အမြှုတ် ကနေ အလှနတ်သမီး အပရိုက်ဒိုက်တီး ကို မွေးဖွားလာတယ် လို့ အဆိုရှိပါတယ် ။  သူမ လက်ထပ်ခဲ့သူကတော့  Hephaestus ဖြစ်ပါတယ် ။ ဒါပေမယ့် သူမရဲ့ ချစ်ဇာတ်လမ်းတွေကတော့ အများကြီးပါတဲ့ ။ အထင်ရှားဆုံးကတော့ ဒေါသကြီးတဲ့ အကြမ်းဖက်သမားကြီး အင်္ဂါသား Ares ဖြစ်ပါတယ် ။

၁၁ ။ Hephaestus ဟေဖေးစ်တပ်စ်

 နတ်ဘုရားတွေ အားလုံးအတွက် လက်နက်တွေ ပြုလုပ်ပေးတဲ့ ပန်းပဲ ဆရာကြီး ဖြစ်ပါတယ် ။ မီးနဲ့ ပန်းပဲ သတ္တု ကျောက်သား တို့ရဲ့ နတ်ပါ ။ မီးတောင် နဲ့လဲ ဆိုင်ပါသေးတယ် ။ ဇုဇ်နဲ့ ဟေရာတို့ရဲ့ သားလည်းဖြစ်ပါတယ် ။ အပရိုဒိုက်တီက သူ့ညီအကို နဲ့ ကြိုက်ပြီး သူနဲ့ ညားတာပါ ။

၁၂ ။ Hermes ဟားမီးစ်

ဟားမေးစ်ကတော့ သတင်းတွေ ပို့ပေးရသူ နတ်သားဖြစ်ပါတယ် ။  ကုန်သွယ်ရေး ၊ ခိုးခြင်းနဲ့ ကစားပွဲ တို့ ရဲ့ နတ်မင်းဖြစ်ပါတယ် ။ ကုန်သွယ်ရေး အမှတ်တံဆိတ် ဖြစ်တဲ့ မြွေ နှစ်ကောင် ခွေနေတဲ့ ကျိုင်းတံရယ် ၊ အတောင်ပံပါသော ဖိနပ်လေးများရယ် ၊ အခွံ ဦးထုပ်တလုံးရယ် ၊ ငှက်ကြီး ဝန်ပိုနဲ့ လိပ် တို့က သူရဲ့ အမှတ်အသားများဖြစ်ပါတယ် ။ ဇုဇ်နတ်မင်းကြီးနဲ့ ကြယ်စင်ခွန်နှစ်ဖော် နတ်သမီး ၇ယောက်ထဲမှ အကြီးဆုံးနတ်သမီးနဲ့ ရတာပါ ။ ( ဟားမေးစ် တံဆိတ် လက်ကိုင်အိပ်ကတော့ ဒေါ်လာ သောင်းဂဏန်းပတ်ဝန်းကျင်ရှိပါတယ် :D )







ဒီပုံလေးတွေကို ကြည့်ရင်တော့ အနည်းငယ် နားလည်မယ် ထင်ပါရဲ့ :P












အိုလမ်ပီယာတောင်ကြီးမှာ နေထိုင်ကြီးစိုးနေကြသော နတ်တွေကတော့ များသောအားဖြင့် ဇုဇ်နတ်မင်းကြီး ၊ သူရဲ့ အစ်ကို အစ်မများ ဖြစ်ကြတဲ့ ပွေစိုက်ဒွန်၊ ဟေးစ်တီယာ ၊ဒေမီတာ နဲ့ ဟေရာ မောင်နှမ ငါးယောက် အပြင် ဇုဇ်ရဲ့ သားသမီးတချို့ စုစုပေါင်း ၁၂ ယောက်နေထိုင်ကြတယ် လို့ ပြောရင် ရပါတယ် ။

Hedes ဟေးဒီးစ်

ခုပြောမှာကျန်နေသေးတဲ့ ဇုဇ်ရဲ့ အကို နောက်တယောက် ( အားလုံး ညီကိုမောင်နှမ ၆ယောက် ရှိတယ်နော် ) ငရဲမင်းကြီး ဟေးဒီးစ် Hedes ဖြစ်ပါတယ် ။ သူကတော့ ငရဲပြည်မှာပဲနေတယ် အိုလမ်ပီယာတောင်ကို လုံးဝ မလာပါဘူး ။ သူက မြေအောက်ကမ္ဘာရဲ့ အရှင်သခင် ။ သူသေနဲ့ သူချမ်းသာတို့ရဲ့ ဘုရင် ( သူသေနဲ့ သူချမ်းသာ တွဲထားပုံက ကြောက်စရာကြီးနော် ) သူက အိုလမ်ပီယာ သခင်ကြီး ပထမ မျိုးဆက် ခရိုနိုစ် ( Cronos ) နဲ့ ရီးယ ( Riea ) တို့က မွေးတဲ့ မောင်နှမ ခြောက်ယောက်မှာ အကြီးဆုံးသားကြီး ဖြစ်ပါတယ် ( ပုံမှာကြည့်ပါ ) ။ သူရဲ့ ရောမနာမည်က ပလုတို ( Pluto ) ပါ ။ ပလူတို ဆိုတာ ချမ်းသာခြင်းလို့ အဓိပ္ဗါယ်ရပါတယ် ။ Hestia ရဲ့ မောင် Zeus, Poseidon, Hera နဲ့ Demeter တို့ အားလုံးရဲ့ အကိုကြီးဖြစ်ပါတယ် ။ နာမည်ကျော် အိုလမ်ပီယားသား ၁၂ ဦးထဲမှာ မပါပေမယ့် Big Three Brothers ထဲမှ တယောက်ပေါ့နော် ။ သူရဲ့ လက်နက်ကတော့ Helm လို့ခေါ်တဲ့ ကိုယ်ပျောက် ဦးဆောင်းဖြစ်ပါတယ် ။

Persephone ပါ့စ်ဖီးနီး

နောက်တယောက်က ငရဲမင်းကြီး Hedes ဟေးဒီးစ် အပိုင်စီးပြီး ငရဲပြည်ကို ခိုးပြေးသွားတဲ့ Persephone ပါ့စ်ဖီးနီး ဖြစ်ပါတယ် ။ သူမက ဇုဇ်နတ်မင်းကြီးနဲ့ ညီမတော် ဒေမီတာ Demeter တို့ ရဲ့ သမီးဖြစ်ပါတယ် ။ ( တူမအရင်းကို ပြန်ခိုးပြေးလာတာပါ ) မြေအောက် ငရဲကမ္ဘာရဲ့ အရှင်သခင်မ နွေဦးရာသီရဲ့ နတ်ဘုရားမ ဖြစ်ပါတယ် ။ သူမကို ဟေးဒီစ် ခိုးပြေးတုန်းက သူမရဲ့ အမေ ဒေမီတာ နတ်သမီးက လိုက်ရှာ ပြီး ပုန်းနေကြသောကြောင့် ထိုနှစ်မှာကမ္ဘာမြေပေါ်မှာ  ကောက်ပဲသီးနှံများ လုံးဝ မသီးကြပါဘူးလို့ ယူဆကြပါတယ် ။ ဇုဇ်က တခါတရံ သူ့သမီးကို သူ့အမေနဲ့ ပေးတွေ့ဘို့ ဟေးဒီးစ်ကို အမိန့်ထုတ်ထားပါတယ် ။ ဟေးဒီးစ်ကလဲ လိုက်နာပါတယ် ။ ဒါပေမယ့် ဟေးဒီးစ်က ပါ့စ်ဖီးနီး ကို ခိုးပြေးတဲ့ အချိန်မှာ သလဲသီး ခြောက်စေ့ကို ကျွေးထားသောကြောင့် ပါ့စ်ဖီးနီးဟာ  နှစ်တစ်နှစ်ရဲ့ ၆လ တာကို ငရဲပြည်ကို ပြန်လာရပါတယ် ။ ဒါကြောင့် လူ့ပြည်မှာ ခြောက်လမှာ ပန်းပွင့် သစ်သီးများ ဖူးပွင့် ပေမယ့် ကျန်တဲ့ ခြောက်လမှာ ရင့်မည့်ကြွေကျရပါတယ် ။

ကျန်တဲ့ မိသားစုဝင်တွေကတော့


၁ ။ Asclepius - ဆေးဝါးနဲ့ ကုသခြင်းဆိုင်ရာ နတ်သား Apolo အပိုလိုရဲ့သား

၂ ။ Eros - လို့ခေါ်တဲ့ Cupid ကျူးပစ်နတ်သား ၊ လိင် ၊ အချစ် နဲ့ လှပမှု နတ်သားဖြစ်ပါတယ် အောင်သွယ်တော် အလုပ်နဲ့ သန္ဒေအောင်ခြင်းများကို ဆုတောင်းနိုင်ပါတယ် ။ လေးနဲ့ မြားကို အစဉ်လွယ်ထားပါတယ် ။ ခုခေတ် ကင်မရာမန်းတွေလိုပေါ့ :D Eros ဆိုတဲ့ အမျိုးသမီး အတွင်းခံ ဘရာစီယာ တံဆိပ် ရှိပါတယ် ။

၃ ။ Pan - ဆိုတဲ့ နတ်သားကတော့ သဘာဝတောရိုင်း နတ်သားဖြစ်ပါတယ် ။ သစ်တော တေးဂီတ ဆိုင်ရာ နတ်သားရိုးရိုးပါ ။ picnic ပစ်ကနစ် ဆိုတဲ့ စကားလုံးက သူက ဆင်းသက်လာတာပါ ။


မိုင်နာဖြစ်တဲ့ နတ်အများကတော့ ဒီလစ်စ်ထဲမှာ ပဲ လေ့လာ ကြည့်နိုင်ပါတယ် ။ တချို့တွေက ကုန်ပစ္စည်းနာမည်တွေ အဖြစ်နဲ့ ယူသုံးထားတဲ့ အတွက် ဘာကုန်ပစ္စည်းက ဘာအဓိပ္ဗါယ်လဲ ဆိုတာ သိရတဲ့ အတွက် ကျမ အတွက် စိတ်ဝင်စားစရာကြီးပါ ။



Minor residents of Mount Olympus[edit source | editbeta]



Assembly of twenty gods, predominantly the Twelve Olympians, as they receivePsyche (Loggia di Psiche, 1518–19, by Raphael and his school, at the Villa Farnesina)

The following gods, goddesses, and demigods were not usually counted as Olympians, although they had close ties to them.

  • Aeolus - King of the winds, keeper of the Anemoi, master of the seasonal winds.
  • Amphitrite - Queen of the Sea, mother of Triton and wife of Poseidon.
  • Anemoi – The personifications of the four wind directions (North, South, East and West).
  • Aura - Goddess of cool breezes and fresh air.
  • Bia – Personification of force.
  • Circe - minor goddess of magic, not to be confused with Hecate.
  • Deimos - God of terror, son of Ares and brother of Phobos.
  • Dione – Oceanid; Mother of Aphrodite by Zeus in Homer's version.
  • Eileithyia – Goddess of childbirth; daughter of Hera and Zeus.
  • Enyo - A goddess of warfare, companion of Ares. She was also the sister of Ares in some cases. In those cases, her parents are Zeus and Hera.
  • Eos – Personification of dawn.
  • Eris – Goddess of discord and strife.
  • Ganymede – Cupbearer of the gods' palace at Olympus.
  • Graces - Goddesses of beauty and attendants of Aphrodite and Hera.
  • Harmonia - Goddess of concord and harmony, opposite of Eris, daughter of Aphrodite.
  • Hecate - Goddess associated with magic, witches and crossroads.
  • Helios - Titan; personification of the sun.
  • Horae – Wardens of Olympus.
  • Hypnos - God of sleep, father of Morpheus and son of Nyx.
  • Iris – Personification of the Rainbow, also the messenger of Olympus along with Hermes.
  • Kratos – Personification of power.
  • Leto – Titaness of the unseen; the mother of Apollo and Artemis.
  • Moirai - The 'Fates'. Clotho (the spinner), Lachesis (the allotter) and Atropos (the unturnable).
  • Momus - God of satire, mockery, satires, and poets.
  • Morpheus – God of dreams.
  • Muses – Nine goddesses of science and arts. Their names are Calliope, Urania, Clio, Polyhymnia, Melpomene, Terpsichore, Thalia, Euterpe, and Erato.
  • Nemesis – Greek goddess of retribution and revenge, daughter of Nyx.
  • Nike – Goddess of victory.
  • Nyx - Goddess of night.
  • Paean – Physician of the gods.
  • Perseus – Son of Zeus, slayer of Medusa, the legendary founder of Mycenae and of the Perseid dynasty.
  • Phobos - God of fear, son of Ares and brother of Deimos.
  • Selene – Titaness; personification of the moon.
  • Styx - Goddess of the River Styx, the river where gods swear oaths on.
  • Thanatos - God of Death, sometimes a personification of Death.
  • Theseus - Son of Poseidon, first Hero of Athens and slayer of the Minotaur.
  • Triton - Messenger of the Seas, son of Poseidon and Amphitrite. He holds a twisted conch shell.
  • Tyche - Goddess of Luck.
  • Zelus – Personification of Emulation.





ဒီနတ်တွေကို ကြည့်ပြီး ကျမတို့ မြန်မာ နတ်မင်းကြီးတွေ ရဲ့ အယူအဆတွေနဲ့ ဆင်တူယိုးမှား ရှိနေတာလေးတွေကို သတိရမိပါတယ် ။ နတ်ကို သူတို့လဲ ကိုယ်းကွယ်ကြတာပဲနော် ။:P



Percy Jackson and the lighting thief ကိုကြည့်ပြီး စူးစမ်းဖွေရှာ မှုလေးပါ ။ ရုပ်ရှင် အကြောင်းလဲ ရေးချင် တယ် ။ နောက်တပိုစ်ဖြစ်မယ် ထင်တယ် ။ ပြီးရင် ဒီ weekend မှာ Percy Jackson and sea of monster သွားကြည့်မယ် ။ သေချာ သိထားရင် ကြည့်ရတာ ပိုအရသာ ရှိမယ် ထင်တယ် ။


ဒီထက်ပိုပြီး စိတ်ဝင်စားဘို့ကောင်းတာက မြန်မာတွေမှာလဲ သကြားမင်း တို့ ငရဲမင်းတို့ ရှိတယ် ။ သူတို့ချင်းလဲ မတည့်ဘူး ။ သားမက်နဲ့ ယောက္ခမ မတည့်ကြဘူး ။ ဝရဇိန်လက်နက်လဲ ဂရိ နတ်ဘုရားမှာရော မြန်မာ သကြားမင်းဆီမှာ ပါရှိတယ် ။ လိုက်ရှာ ဖတ်ရင် မဆုံးနိုင်လောက်ပါဘူး ။ :D





ပျော်ရွှင်ပါစေ


မှ

ရေးသူ


P.S

 ပြောရဦးမယ် Percy Jackson ဆိုတဲ့ Perseus ပါးဆီးယပ်စ် ဆိုတာ ဒုတိယ အကိုဖြစ်တဲ့ Big Three Brothers စာရင်းဝင် Poseidon နဲ့ သာမာန်လူသားမ တယောက်ရဲ့ သားပါ ။ Half blood ( Demigod ) သွေးနှော နတ်သားတဝက် လူတဝက် ဖြစ်ပါတယ် ။ သူက လူသားတွေကြားထဲမှာ ပဲနေထိုင်ပြီး တန်ခိုးရှိပါတယ် ။ 


Olympians တောင်မှ နတ်မင်းကြီးများ


ငရဲမင်းကြီး ဟေးဒီးစ် Hedes

ငရဲမင်းကြီးရဲ့ မိန်းမ ပါ့စ်ဖီးနီး

Mount Olympia အိုလမ်ပီယာတောင်ကြီး

ဇုဇ် နတ်ချုပ်ကြီး Zeus

Athena စစ်နတ်သမီး

ရေနတ်မင်းကြီး ပွေစိုက်ဒွန် Poeseidon

Athena အသီနာ ၊ Zeus ဇုဇ် နှင့် Poesidon ပွေစိုက်ဒွန်

Comments

  1. မိုက်တယ်.. သိချင်တာတွေ သိလိုက်ရပြီ... :)

    ReplyDelete
  2. :D...... ဖြုတ်ချလို့မရတော့ဘူး...

    ReplyDelete
  3. Wow....... ဗဟုသုတတွေတထောကြီးရလိုက်တယ်... ကိုယ့်ဟာကိုရှာဖတ်ပြီး ဘာသာပြန်ရမှာပျင်းတဲ့ကိုယ့်အတွက် အဆင်သင့်ဘာသာပြန်ပေးတာလေးဖတ်ရတာ အရသာရှိလိုက်တာ... ကျေးကျေး

    ReplyDelete
  4. ဟီး... ပျင်းစရာ မကောင်းဘူးလား

    ReplyDelete
  5. မိုက်တယ်... အဲ့လို အစုလျုက်ကြီး မသိဘူးဗျ... ဟိုတစ်စ ဒီတစ်စပဲ သိတာ... သိုင်းကျူး ဆိုးမက်.. :D

    ReplyDelete
  6. ဝဲလခမ်းဝဲလခမ်း

    ReplyDelete

Post a Comment

Popular posts from this blog

သံဘယ်လိုချမလဲ

သံကောင် တုတ်ကောင် လျှော့မတွက်စေလို

စကော့ဈေးမှာ ချာလည်လည်