ပါစီဂျက်ခ်ဆန် စွဲပြီ




မနေ့က သမီးနဲ့ စာကြည့်တိုက်ကိုသွားကြတယ် ။ အရင်က တခါမှ မကြည့်ဘူးတဲ့ section ဘက်ကို မျက်စေ့က ရောက်သွားတာနဲ့ သွားစပ်စုကြည့်မိလိုက်တော့  DVD တွေ ရှိနေတာပဲ...။ အဲတာ နဲ့ ဝမ်းသာသွားပြီး စူးစမ်းကြည့်လိုက်တော့ Percy Jackson and the lightning thief ဆိုတဲ့ DVD လေး ဝမ်းသာအားရနဲ့ ရလာခဲ့တယ် ။

ခုတလောမှာ ပါစီဂျက်ခ်ဆန် ပါစီဂျက်ခ်ဆန် နဲ့ ခဏခဏ နားထဲကြားနေရသလိုပဲ ။ ဘယ်နေရာက ကြားမိလိုက်သလဲတော့ သေချာ မသိဘူး ။ သာမာန် action ကားတကား စိတ်ကူးယဉ် ဇာတ်လမ်းတပုဒ်ပဲလို့ပဲ ထင်ခဲ့တယ် ။ နောက်တော့မှ တီဗီမှာ ရှေ့တပတ် ရုံတင်မယ့် Percy Jackson and the sea of monsters ဆိုတဲ့ ကားသစ်တကားအကြောင်း ကြော်ငြာတွေ့တော့မှပဲ သိတော့တယ် ။

အိမ်ရောက်တော့ သမီးနဲ့ တူတူကြည့်ကြတယ် ။ ကြည့်ရင်းနဲ့ ရှေးခေတ် ဂရိ နတ်ဘုရားတွေ ရဲ့ အကြောင်းတွေကို ဒီနေ့ခေတ် နဲ့ ရောမွှေထားတဲ့ ဇာတ်လမ်းလေးတပုဒ်ပဲ ။ ဒီနေ့ခေတ် ထူးဆန်းတဲ့ ရိုက်ချက်တွေနဲ့ ဒါရိုက်တာတွေ ဇာတ်လမ်းဆရာတွေရဲ့ စိတ်ကူးကတော့ အံ့မခန်းပါပဲ ။ 

အကယ်၍သာ ဂရိ နတ်ဘုရားကြီးတွေသာ သက်ရှိထင်ရှား ရှိနေမယ်ဆို တဟားဟားနဲ့ သဘောတွေ ကျနေမှာ မြင်ယောင်သေးတယ် ။ :D

တကယ်ပြောတာပါ လူ ဆိုတာ စိတ်ကူးကို လက်တွေ့ဖြစ်အောင် တကယ်လုပ်နိုင်တဲ့ creature တွေပါ ။ ဘုရားတောင် လူကနေဖြစ်လာတာပဲနော် ။
ကြည့်လို့ပြီးတော့ ဂရိနတ်ဘုရားတွေ အကြောင်းကို သိချင်လာတာနဲ့ ဂူးဂဲလ်တော့တာပဲ ။ တကယ်ပဲ ဂူးဂဲလ်နဲ့ ဝီကီကို ဘယ်လိုကျေးဇူးတင်ရမှန်းတောင် မသိပါဘူး ။ အချက်လက်တွေ နဲ့ တကွ ပုံတွေနဲ့ အလွယ်တကူ ရှာဖွေလို့ရနေတာကိုက ကျေးဇူးတင်ဘို့ အရမ်းကောင်းတယ်နော် ။


Comments

  1. ကြိုက်တယ်။စာလုံးပေါင်းမှန်အောင်ရေးမယ် ဆိုကထဲက အရမ်းကြိုက်တယ်

    ReplyDelete
  2. ကျေးဇူးတင်ပါတယ်... Anonymous :)

    ReplyDelete

Post a Comment

Popular posts from this blog

သံဘယ်လိုချမလဲ

သံကောင် တုတ်ကောင် လျှော့မတွက်စေလို

စကော့ဈေးမှာ ချာလည်လည်