Posts

Burma Chronicles Review

Image
Burma Chronicles ဆိုတဲ့ စာအုပ်ကို တလောတုန်းက ခဏခဏ ကြားဘူးလိုက်သေးတယ် ။ ထင်မိတာ နိုင်ငံရေးနဲ့ပတ်သတ်တဲ့ မြန်မာနိုင်ငံသား မဟုတ်တဲ့သူတယောက်က ရေးထားတဲ့ ဆောင်းပါး တပုဒ်ပဲလို့ ထင်မိတာ ။ တနေ့က စာကြည့်တိုက်သွားရင်း ကျမမွှေနေတဲ့ ရှေ့တည့်တည့်မှာ ဒီစာအုပ်လေးရှိနေတယ် ။ တအံ့တသြနဲ့ လှန်လျော ကြည့်လိုက်မိမှ ကာတွန်းလိုရေးထားတဲ့ graphic novel တအုပ်မှန်းသိလိုက်ရတယ် ။ ငှားသာငှားလာခဲ့တယ် ကျမကြားဘူးထားတဲ့ Burma Chronicles စာအုပ်လို့ မထင်ဘူး ။ ကာတွန်းဆိုတော့ အမြန်လဲဖတ်လို့ရမယ် ဆိုပြီး စာမဖတ်တာကြာတဲ့ကျမ ငှားလာခဲ့တယ် ။  အိမ်ရောက်တော့ ဂူးဂဲလ်ကြည့်လိုက်တော့ ဒီတအုပ်ပဲ မှန်တယ် ။ ကျမကြားဘူးတာလဲ ဒီစာအုပ်ပဲ ။ ဖတ်ကြည့်လိုက်တဲ့ ပထမစာမျက်နှာတွေမှာပဲ အရမ်းကို သဘောကျသွားတယ် ။  မြန်မာပြည်မှာ ကာတွန်းကောင်းကောင်းမဖတ်ရတာ ကြာနေပြီ ။ ကျမက ကာတွန်းပရိတ်သတ် စစ်စစ် တယောက်ပါ ။ ကျမငယ်ငယ်က ဖေဖေတို့က အိမ်မှာ စာပေဖြန့်ချိရေးလုပ်ဘူးတော့ ငယ်ကတည်းက စာတွေ အများကြီးဖတ်ခဲ့ရတယ် ။ သူငယ်ချင်းတွေ စာမဖတ်ခင်ထဲကပေါ့ ။  ကျောင်းတတ်တော့ ဥပဒေ ဘာသာရပ်ယူမိထဲက စာကို အများကြီး မဖတ်ချင်တော့ပဲ ရွေးပဲဖတ်ခဲ့တယ် ။ လိုတို...

ပိုလာဘာလီ ( Discovery Spa + Turtle Island +Bye Bye )

Image
ဒီနေ့ မနက်စောစောထပြီး ဟော်တယ်က ကျွေးတဲ့ မနက်စာ စားပြီးရင် Spa သွားလုပ်မလို့။ မနေ့က ပြန်လာတော့ လမ်းမှာ သမီးက ရှူးပေါက်ချင်တယ် ဆိုတော့ ချီလီက Spa ဆိုင်တခုကိုလိုက်ပို့တယ် ။ ဆိုင်က တော်တော် လူများတယ် နှိပ်တာတွေ ဘာတွေ ကောင်းလို့နေမှာ ပေါ့ ။ ဒါပေမယ့် ကိုယ်က အိမ်သာဘက်ကို ထွက်ခဲ့တော့ စိုစိစိနဲ့ခြောက်သွေ့မှု မရှိဘူး ။ အဲတာနဲ့ ချီလီကို Spa ပို့ခိုင်းရင် အဲဒီဆိုင်ကြီးကို ပို့ပေးမှာ ကြောက်လို့ ဟော်တယ်က Spa မှာပဲ လုပ်မလို့ ရွေးလိုက်တယ် ။ သူအတွက် ကော်မရှင် ရတာတော့ ကိုယ်လဲ သဘောကျပါတယ်  ။ ဒါပေမယ့် အရည်ချင်းမရှိတဲ့ ဆားဗစ်တွေ ထိုးထည့်လာရင် မကြိုက်ဘူးလေ ။ ရှူးပေါက်တုန်းက ဝင်တဲ့ ဆိုင် အိမ်သာ ဒါပေမယ့် သမီးကို ပင်လယ်ဘက်ကို ဆင်းပြီး လမ်းလျှောက်ခရုကောက်မယ်လို့ပြောထားတော့ မနက် ၆နာရီထပြီး ကမန်းကတန်းလိုက်ပို့ပေးသေးတယ် ။ အဲဒီက အပြန်မှ ရေချိုးပြီး မနက်စာစားကြမှာ ။ သမီးကပင်လယ်ပြင်ကျယ်ကြီး မမြင်ဘူးတော့ သူခရုလေးတွေကောက်ချင်တာကို တကောက်ကောက်လိုက်ပြီး လမ်းတော်တော် လျှောက်ဖြစ်လိုက်ကြသေးတယ် ။ ပင်လယ်က တော်တော်ဝေးဝေးရောက်တဲ့ အထိ တိမ်တိမ်လေး ။ ချောင်းသာလို ရေတိမ်လေး ။ ဘာလီရောက်ထ...