Posts

ကျမလက်ရာများ

Image
ရန်ကုန်ပြန်တာ အကျီတွေ ကိုယ့်ဘာသာ ကိုယ် အတော်ချုပ်မိသွားတယ် ။ အမေ့အတွက်ရော သမီး အတွက်ရော ကိုယ့် အတွက်ရော ။ ကြိုပြောထားမယ်နော် ။ ထပ်ရှာတွေ့ရင် တင်ဦးမှာ ညှဲညှဲ။ ယုံလားတော့ မသိဘူး သင်တန်းလုံးဝ မတတ်ဘူးဘူးနော် ။ :P

သီချင်း

When a man loves a woman Can't keep his mind on nothin' else He'd trade the world For a good thing he's found If she is bad, he can't see it She can do no wrong Turn his back on his best friend If he puts her down ယောင်္ကျားတစ်ယောက် ဟာ မိန်းမတယောက်ကို ချစ်မိသွားပြီဆိုရင် သူဟာ ဘယ် အရာကိုမှ ဂရုမစိုက်နိုင်တော့ဘူး သူဟာ သူ့ဘ၀ တစ်ခုလုံးကို အချစ်ဆိုတဲ့ အရာနဲ့ လဲလှယ် ပစ်လိုက်တာပဲ သူမရဲ့ ချို့ယွင်းချက် တွေ လဲ မမြင်မိတော့ဘူး အခင်ဆုံးသူငယ်ချင်းဖြစ်ပေစေ သူမကို ထိပါးလာရင် ကျောခိုင်းပစ်တော့တာပဲ When a man loves a woman Spend his very last dime Trying to hold on to what he needs He'd give up all his comforts And sleep out in the rain If she said that's the way It ought to be ယောင်္ကျားတစ်ယောက်ဟာ မိန်းမတယောက်ကို ချစ်မိတာနဲ့ သူမကို ပိုင်ဆိုင်ချင်တဲ့ အချစ်တွေကြောင့် ပိုင်ဆိုင်သမျှ ကိုလဲ စတေးရဲတော့တာပဲ စည်းစိမ်ဥစ္ဓာတွေလဲ စွန့်လွှတ်ရဲတယ် သူမကသာတောင်းဆိုလာမယ် ဆိုရင် မိုးရွာထဲလဲ အိပ်ရဲတယ် When a man loves a woman I give you everything I've got (yeah) Trying to hold on To your pre...

ဘာရယ် မဟုတ်

Image
ဘာမှ မဟုတ်တာတွေ အပလာတွေရေးမှာ မို့လို့ ဘာရယ် မဟုတ်လို့ ခေါင်းစဉ်တတ်လိုက်တယ် အဟီး  ဖဘကို ပတ်ရှောင်ချင်သူဆိုတော့ ဘလော့ကို တချိန်လုံးရေးဖြစ်နေတယ် ။ သီးခြားလေး ခံစားရတဲ့အတွက် ပိုကြိုက်တယ် ။ ဖဘမှာ ကိုယ်သိတဲ့သူတွေ ၊ ခင်တဲ့သူတွေ ၊ တချို့ဆို ကြိုးစားအားထုပ်မှုလေးတွေနဲ့ လူတွေ ဗဟုသုတကို ဖရီးရအောင်ကြိုးစားပေးနေသူလေးတွေ အားရှိအောင် လိုက်ခ် လုပ်မိရင်ကအစ ကဲ့ရဲ့ချင်တဲ့ သူတွေ နဲ့ ဝေးတဲ့ အတွက် ဘလော့မှာ ပျော်တယ် ။ လူဆိုတာ သူများမျက်ချေးပဲမြင်ဘို့ သီးသန့်ကျင့်ကြံနေကြတဲ့သူတွေ ဆိုတော့ ဝလကလပေါ့နော် ။ ဖဘမှာ ဘာလုပ်လုပ်ပြတယ်ဆိုတဲ့ ရည်ရွယ်ချက်ကြီးထဲရောက်ရောက်သွားတာကို မကြိုက်တော့ဘူး ။ တခါတလေ ပြချင်တာ မဟုတ်ဘူး ။ ကိုယ့်ရဲ့ မှတ်တမ်းလေးလိုထားချင်တယ် ။ အကြောင်းတိုက်ဆိုင်သူတွေ ပဲသိစေချင်တယ် ။ ပြတဲ့ သဘောကြီးရောက်သွားရင် သူများအမြင်ကပ်မှာ ကြောက်နေတာနဲ့ပဲ စိတ်ပျက်လက်ပျက်ဖြစ်ရတယ် ။ ပြီးတော့ ရှိသေးတယ် ကိုယ်ပဲပြမယ် သူများပြတာ စောက်မြင်ကပ်ဘို့ကောင်းတယ် ဆိုတဲ့သူတွေကို စိတ်ထဲက ဆလံသလိုက်ပါတယ် ။ ဘလော့ရေးတယ် ။ သူငယ်ချင်းတွေကို လင့်မတတ်ခိုင်းဘူး ။ လွတ်လွ...

Da Vinci code ( 1 )

Image
ဒီနေရာမှာ Da Vinci Code ကို အစအဆုံးသွားကြည့်လို့ရပါတယ် ။ ဇာတ်ကားကောင်းလေးတွေလဲ အများကြီးရှိတယ် ပဲရစ်မြို့က လုဗရီ ပြတိုက် ပဲရစ်စ်မြို့က လုဗရီပြတိုက်ကြီးရဲ့ Grand Gallery ဂရန်းဂယ်လာရီ ဟောကြီးထဲမှာ ခပ်သုတ်သုတ် စိုးရိမ်တကြီး ပြေးလာတဲ့ သူတယောက်က   ယဲက်ဆော်ညဲရီး ဆိုသော ပြတိုက်စောင့်သည့် အဘိုးကြီး ဖြစ်သည် ။ သူပြေးနေတဲ့ နေရာက မိုနာလီဇာ ပန်းချီကားကြီး ရှိတဲ့နေရာဆီသို့ ။ သူနောက်က ပြေးလိုက်လာတဲ့သူက ခရစ်ယာန်ဘုန်းကြီးတပါးဖြစ်သူ သမင်ဖြူရောဂါရှင် ဆီလာ့စ် ဖြစ်သည် ။ Grand Gallery of Louvre Museum  ပြတိုက်စောင့်ကြီးထံမှ သူအလိုရှိနေသော အရာက Keystone လို့ ခေါ်တဲ့ သော့တုန်း ။ အဘိုးကြီးက ဟောခန်းတခန်းထဲ အပြေးဝင်လိုက်ပြီး သံတိုင်တံခါးကို ချလိုက်နိုင်ပေမယ့် သူလဲကျသွားသည် ။ တံခါး အပြင်က ဆီလာ့စ်က သူ့ကို ထိုအရာကို ပေးရန် တောင်းဆိုရင်း သေနတ်နဲ့ ချိန်ထားသည် ။ အဘိုးကြီးက " နေဦး " ..... ဒီသော့ ငါ့ဆီမှာ မဟုတ်ဘူး  Church of Saint-Sulpice  ဆိုတဲ့ ပြင်သစ်က စိန့်ဆဲလ်ပိစ...