The apps in my devices ( iOS )

ဟမ်းဖုန်းလေးတွေကိုင်ကာစကတော့ ဖုန်းထဲမှာ အရင်ဆုံးထည့်တဲ့ app ကတော့ မြန်မာဖောင့် နဲ့ facebook ပါ ။

 နောက်ထပ် အငမ်းမရ ထည့်ခဲ့တဲ့ apps လေးတွေကတော့ ဂိမ်းမျိုးစုံပါပဲ ။ နောက်ပြီး သီချင်းတွေ ရယ် MTV တွေရယ် ။ ဘယ်သွားသွား ဘာလုပ်လုပ် ဖုန်းနဲ့ မျက်နှာ အပ်နေတာ ။ 

 အလကားရတာတွေလဲ ရှိသလို ပိုက်ဆံနဲ့ ဝယ်တာတွေလဲ ဒေါ်လာ ၂၀၀ ဘိုးလောက်မကတော့ဘူး ။

 နောက်တော့ အဲတာတွေ ရှိနေတာ ကို မျက်စေ့က နောက်လာတယ် ။ ဘာဆို ဘာမှ ဖုန်းထဲ ကိုမသွင်းခြင်တော့ လောက်အောင် ငြီးငွေ့သွားတယ် ။

 ရှိသမျှ ဂိမ်းတွေ အရုပ်လှလှလေးတွေ wallpapers တွေ အကုန်ဒလိပစ်လိုက်တယ် ။ နောက်တော့ တကယ် အသုံးကျမယ့် apps လေးတွေ ကိုယ်တကယ် စိတ်ဝင်စားမယ့် apps လေးတွေပဲ ပြန်ရှာပြီး သွင်းထားလိုက်တယ် ။ 

 ဒါတွေကတော့ ကျမ အတွက် စိတ်ဝင်စားဘို့ ကောင်းတဲ့ apps တချို့ ဖြစ်ပါတယ် ။ အမှန်က အများကြီးပေါ့ ။ ဒါပေမယ့် မြန်မာ ဒဘလော့ပါ တယောက် ကိုတွေ့လိုက်ပြီး သူ့ apps လေးတွေ မဆိုးလို့ အစဉ်အတိုင်း တင်ပြလိုက်တာပါ ။

မြန်မာ ဓာတ်ပုံဆရာတွေ အတွက် လက်တည့်စမ်းချင်သူတွေ အတွက် ပေါ့ ။ Myanmar Street Photographers ( MMSP ) ပါ ။ ဖရီးပါ ။  Pic of the day တို့ Pic of the week တို့ စတဲ့ function လေးတွေပါပါတယ် ။


ဒါလေးကတော့ ရွှေရိုးဆိုတဲ့  Multi-language translator to Myanmar ပေါ့ သူလဲ ဖရီးပါပဲ ။ Shweyoe လို့အမည်ရပါတယ် ။


ဒါလေးကတော့ အတော်အသုံးဝင်မည့် apps လေးပါ MM First Aid လို့ ခေါ်ပါတယ် ။ မြန်မာဘာသာနဲ့ ရှေးဦးသူနာပြု apps လေးပါ ။ လည်ချောင်းနာတာ အပူလောင်တာက အစ နှာခေါင်းသွေးယို ဘာညာဘာညာ အကုန်ရှာကြည့်လို့ရပါတယ် ။ ဒိအပြင် မြန်မာနိုင်ငံ အရပ်ရပ်မှာရှိတဲ့ သူနာပြုတပ်ဖွဲ့တွေရဲ့ အချက်အလက်တွေပါရှိပါတယ် ။ ဆယ်ကျော်သက်ပြသနာ သားသမီးပြသနာ နှင့် ဆေးလိပ်သောက်ခြင်းတွေ အကြောင်းပါ ပါပါတယ် ။ အရေးပေါ်ဖုန်းနံပါတ်တွေလဲ ပါပါတယ် ။ သူကလဲဖရီးပါပဲ ။



ဒါကတော့ ပန်းသီးသမားတွေ အတွက် ဒီ ဒဘလောပါ့ကပဲ တီထွင်ဖန်တီးထားတာမို့ တလက်စထဲ ဖေါ်ပြလိုက်တာပါ ။ အမှန်ကတော့ ပညာရှင်တွေ အတွက်ထင်တာပဲ ။ သေချာ မကြည့်ရသေးဘူး ။ တခုခုဆို မြန်မာလိုရှာကြည့်ရတာလဲ အားရစရာပဲလေ ။ သူလဲ ဖရီးပါ ။




ဒါလေးကတော့ စင်ဒေါ်လာ 1.28 နဲ့ ဝယ်ရမှာပါ ။ မြန်မာ့ဂီတ လို့ ခေါ်ပါတယ် ။ Gita Myanmar Music App လို့ခေါ်ပါတယ် ။ တရားတော်တွေ ပါပါတယ် ။ ဒဘလော့ပါ တူတူပါပဲ ။


ဒီ ဒစ်ရှင်နရီ ကလဲ ဒဘလော့ပါ တူတူကပဲ ဖန်တီးထားတာပါ ။ သူကလဲ ဝယ်ရတာပါ ရွှေရိုး Shweyoe Pro အဘိဓာန် ပေါ့နော် ။ နိုင်ငံခြားဘာသာစကားရပ်တွေကို ဘာသာပြန်လို့ရပါတယ် ။ အားပေးချင်စိတ်နဲ့ ဝယ်ထားပေမယ့် မသုံးရသေးလို့ ကောင်းမကောင်း မသိသေးပါဘူး ။ 1.28 S$ ပါ ။




Sar စာဆိုတဲ့ apps လေးဖြစ်ပါတယ် ။ သူက နည်းနည်းဈေးကြီးတယ် 2.58S$ တောင်မှ ။ ဇော်ဂျီစာရိုက်စနစ်လေးပါပဲ ။ သူက တခြား ဒဘလော့ပါက လုပ်တာပါ ။ ပုံမှာ ပါပါတယ် ။ သူ့ကိုလဲ အားပေးခြင်စိတ်နဲ့ ဝယ်ထားတာပါ ။ မစမ်းရသေးပါဘူး ။


ကာရာအိုကေ ဆိုချင်လို့ ရှာလိုက်တော့ ဒါလေးတွေ့ပါတယ် ။ နောက်ဆုံးပေါ်သီချင်းတွေ ရှိတယ် ။ ဆိုလို့တော့ ရတယ် ။ ရီကော့ဒ်လုပ်လို့ မရဘူး ။ လုပ်ခြင်ရင် ပိုက်ဆံတောင်းတယ် ။ ဒါပေမယ့် ဆိုရရင် ကျေနပ်ပြီလေ ဟီး.. ။ သူလဲ ဖရီး app ပါ ။




အိုင်ဖုန်းနဲ့ ဓာတ်ပုံရိုက် ဗီဒီယိုရိုက်ပြီး ဒါရိုက်တည်းဖြတ် ဒါရိုက် ယူကျူပေါ်တင်လို့ရတဲ့ ဖရီး apps လေးပါ ။ ဒီလို apps လေးတွေနဲ့ ယူကျုမှာ ကိုယ်ပိုင်ချန်နယ် ထူထောင်ပြီး နာမည်ကြီးလာတဲ့ သူလေးတွေ အများကြီးရှိနေပါပြီ ။ ဥပမာ ဆိုရင် ခရီးသွား Documentry လေးတွေ ရိုက်တဲ့ သူတွေ ။ ဘဝ မှတ်တမ်း မင်္ဂလာဆောင် မှတ်တမ်းလေးတွေ သာသားမီးမီး ရဲ့ ဘဝ တလျှောက်လုံးမှတ်တမ်းလေးတွေအထိရိုက်လိုက် save လိုက် ၊ ဆက်ပြီးရိုက်လိုက် လုပ်လို့ ရပါတယ် ။ ဘက်ဂရောင်းသီချင်းလေးတွေပါ ထည့်လို့ရတယ် ။ လတ်တလော နာမည်ကြီးနေတဲ့ Follow me ဆိုတဲ့ ယူကျုဗီဒီယိုလေးလိုပေါ့ ။ မြန်မာ နိုင်ငံမှာတောင် လာရိုက်သွားသေးတယ် ။
ဗီဒီယိုလဲရှိပါတယ် ။ ညီမလေးငယ်တို့ မင်္ဂလာဆောင်တဲ့ ဇတ်လမ်းလေးကို ရှော့ပင်ထွက်တာတွေ ဒီဇိုင်းနာနဲ့ တွေ့တာတွေ အကုန်ရိုက်ထားပြီး documentry story လေးလုပ်ပါလား ။ အကြံပေးတာပါ ဟိဟိ ။






ဒီလို ဗီဒီယိုလေးရိုက်လို့ရပါတယ် ။



 ဒီလို selfie လေးလဲ ရိုက်လို့ရပါတယ် ။


ကျမကြိုက်တဲ့ app က ခုလာပါပြီ ။ Pick လို့ အမည်ရပါတယ် ။ Instagram နာမည်ကြီးလာပေမယ့် ။ ကျမက Pick ကို ပိုကြိုက်တယ် ။ အကောင့်တခုဖွင့်ပြီး ဆိုင်းအင်လုပ်ရမယ် ။ အဲမှာ မြန်မာ တယောက်မှ ရှာလို့ မရဘူး ။ ကျမ ဘသူ့ကိုမှလဲ မအတ်ထားဘူး ။ ဒါပေမယ့် ဓာတ်ပုံလေးတွေက Cute လေးတွေပဲ များတယ် ။ အားလုံး အရမ်းချစ်စရာ ကောင်းတယ် ။ တယောက်နဲ့ တယောက် မသိပေမယ့် အသည်းလေးတွေ လာပေးလို့ရတယ် ။ ဓာတ်ပုံပြင်တဲ့ function လေးတွေကလဲ အရမ်းဘဒန်းလှတယ် ။ ကျမဆို နှစ် ၂၀ လောက်ငယ်လို့ရတယ် ဟီး....။ အပြင်းပြေလျှောက်ပြင်တာပါ ။ တခါတလေ စိတ်ဓာတ်ကျတဲ့ အခါမျိုးပေါ့လေ ။ ဘယ်မှာ မှ တော့ မသုံးဘူး အဲပုံတွေကို ။ 

အဲဒီ Pick ထဲမှာ ရှိတဲ့ အသိုင်းအဝိုင်းလေးက တယောက်နဲ့ တယောက် လုံးဝ မသိပဲနဲ့ ရင်နှီးတယ် နွေးထွေးတယ် ။ မေ့လောက်မှ တခါတလေ ဝင်ကြည့်တယ်  ။ အသည်းလေးတွေ ပေးတယ် ။ စိတ်ဆင်းရဲစရာ အမှိုက်တွေ မရှိဘူး ။ ကိုယ့်ဘာသာပျော်မွေ့နေလို့ ရတဲ့ ကမ္ဘာငယ်လေးပါပဲ ။

အောက်က ပုံတွေမှာ အော်ရီဂျင်နယ်နဲ့ Pick ကိုသုံးပြီး ပြင်လို့ ရတဲ့ ပုံလေးတွေ ယှဉ်ကြည့်ပါနော် ။


















 သူက လဲ ဖရီး app လေးပါ ။ သုံးကြည့်ဘို့တိုက်တွန်းပါတယ်နော် ။




နောက်တခုရှိသေးတယ် ကျမ မကြိုက်တဲ့ app မို့ စကရင်ရှော့ မရိုက်တော့ဘူး ။ Perfect 365 နဲ့ Camera 360 ။ ပြင်လို့ ရတယ် ဆိုပေမယ့်လဲ ကြည့်လိုက်တာနဲ့ အဲတာ သုံးထားမှန်း သိသာနေပြီ ။ လူတိုင်းသုံးနေကြတာကိုး ။ လူဆိုတာ ဒီတိုင်းနေတာနဲ့ လှလှပပနေတာ မတူဘူး အရမ်းကွာခြားတယ် ။ မိတ်ကပ်လိမ်းပြီး ဝတ်ကောင်းစားလှဝတ်ရင် ရုပ်ဆိုးတဲ့သူတောင် လှတယ် ။ Pick က အဲတာကြောင့် ကြိုက်တာ သူက မိတ်ကပ်လိမ်းလိုက်သလိုပဲ ။ ဟိုနှစ်မျိုးနဲ့ မတူဘူးရှင့် ။ အောက်မှာ ကြည့်ပါ ရန် ။


အတု အရမ်းဆန်တယ်နော် ။ ကိုယ်လိုရာဆွဲတွေးတာပေါ့ရှင် ။

ဝန်ခံရဦးမယ် အဲဒီအော်ရီဂျင်နယ် ပုံတွေကလဲ အနည်းဆုံး ၆လလောက် ရှိပါပြီ ။ အခု တော့ ဝတုတ်ပြဲရုပ်ဆိုးကြီးပါ ;-|



Comments

  1. Yokee ကို ဒေါင်းပြီ။ ဒေါ့ကယူမန်ထရီက ဒီဇိုင်နာနဲ့တွေ့ အကျီစရွေး ထမိန်စရွေး ရှော့ပင်းထွက်ရတာတွေ ရိုက်ရင် စိတ်ညစ်ပီး နောက်လူတွေ မဆောင်ချင်မှာစိုးလို့ .... :P ... ဒါပေမယ့် အဲ့အိုင်ဒီယာလေး ဆိုးဘူးနော်။

    ReplyDelete
    Replies
    1. အယ် လုပ်ပါ ငယ်ရယ် ကြည့်ချင်လို့ပါနော် :)

      Delete
  2. နောက်တစ်ခါ ထပ်လာမန့်တယ် .... Pick ကို ပြန်ဒေါင်းပီး ဆော့နေတာ ... ကိုယ်က လိုက်ခ် လိုက် သူပြန်လာလိုက်ခ် လိုက် ... အပြန်အလှန် follow လိုက်နဲ့ လက်မလည်ဘူးဖြစ်နေတယ်။ ဓါတ်ပုံကြိုက်တဲ့ ကိုယ်တွေနဲ့တော့ ကွက်တိပဲ :P

    ReplyDelete
    Replies
    1. ထွက်လာတဲ့ အသံလေးတွေက အစ ချစ်ဈာလေးတွေနော် :D

      Delete

Post a Comment

Popular posts from this blog

သံဘယ်လိုချမလဲ

သံကောင် တုတ်ကောင် လျှော့မတွက်စေလို

စကော့ဈေးမှာ ချာလည်လည်